ကြိုးမဲ့စနစ်နဲ့ အားသွင်းနိုင်မယ့် ကမ္ဘာ့ပထမဆုံး laptop ကို Dell စတင်ရောင်းချ


ဇန်နဝါရီလက CES မှာ ပထမဆုံး မိတ်ဆက်ကြေညာခဲ့တဲ့ ကြိုးမဲ့အားသွင်းစနစ်ပါဝင်တဲ့ Dell ရဲ့ ကမ္ဘာ့ပထမဆုံး laptop ကို အခုအခါ ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။

အဲ့ဒီ laptop ရဲ့အမည်က Dell Latitude 7285 ဖြစ်ပြီး Intel Core i5-7Y54 processor, 128GB storage နဲ့ 8GB RAM ပါဝင်တဲ့ ၁၂ လက်မ မော်ဒယ်အတွက် ၁,၁၉၉.၉၉ ဒေါ်လာကျသင့်မယ်လို့ ဆိုပါတယ်။
 
 
Wireless Charging Keyboard နဲ့ Wireless Charging Mat အတွက် ၅၄၉.၉၉ ဒေါ်လာ ထပ်မံကျသင့်မှာဖြစ်လို့ စုစုပေါင်းတန်ဖိုးက ၁,၇၄၉.၉၈ ဒေါ်လာဖြစ်ပါတယ်။

Screen အရွယ် အနည်းငယ်ကြီးတဲ့ မော်ဒယ်ကို ရှာဖွေနေသူတွေအတွက် Dell က Latitude 7000 ရဲ့ ၁၃ လက်မ convertible ဗားရှင်းကို သြဂုတ်လမှာ ရောင်းချသွားဖို့ရှိပါတယ်။ အဲ့ဒီ laptop ဗားရှင်းရဲ့ ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။

Credit ### Internet Journal

Comments