သြဂုတ်လ ၃၁ ရက်မှာ မိတ်ဆက်မယ့် LG V30


LG ဟာ ဘာလင်မှာကျင်းပမယ့် IFA ပွဲမတိုင်မီ သြဂုတ်လ ၃၁ ရက်မှာ V30 ထုတ်ကုန်ကို မိတ်ဆက်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ LG ရဲ့ထုတ်ပြန်ချက်မှာ ရှည်လျားတဲ့ 18:9 display နဲ့ နောက်ခံမှာ V ပုံသဏ္ဍာန်ဒီဇိုင်းတွေကို ဖော်ပြထားပါတယ်။
 

LG V30 စမတ်ဖုန်း မိတ်ဆက်မယ့်ရက်ဟာ ခန့်မှန်းထားတာနဲ့ တူညီနေပြီး မကြာသေးခင်က CAD ဒီဇိုင်းတွေနဲ့ ရေးဆွဲတဲ့ LG V30 ပုံတွေလည်း ထွက်လာခဲ့ပါတယ်။ V30 မှာ OLED display ပါဝင်လာဖွယ်ရှိပေမယ့် V စီးရီး ထုတ်ကုန်တွေမှာ ပါဝင်နေကျ ဖြစ်တဲ့ ဒုတိယမြောက် display ကတော့ V30 မှာ ပါဝင်လာဖွယ်မရှိပါဘူး။ ဒါပေမဲ့ V30 မှာ ကြိုးမဲ့အားသွင်းစနစ်ပါဝင်နိုင်တယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။
LG V30 မှာ Snapdragon 835 နဲ့ RAM 4GB ပါဝင်ဖွယ်ရှိပြီး LG ရဲ့ V စီးရီးတွေမှာ G စီးရီး ဖုန်းတွေထက် စိတ်ဝင်စားစရာကောင်းတဲ့ အရာတွေ ပါဝင်လေ့ရှိပါတယ်။

Credit ### Internet Journal

Comments