OnePlus 5 မှာ Multi-window mode အသုံးပြုနည်း

 
Multi-window mode ဆိုတာကတော့ multitask ကို ကြိုက်နှစ်သက်တဲ့ သုံးစွဲသူတွေအတွက်ကတော့ အရမ်းကိုအသုံးဝင်တဲ့
feature တစ်ခု ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ သုံးစွဲသူတွေကို လုပ်ဆောင်ချက်အမျိုးမျိုးကို လုပ်ဆောင်ခွင့် ပြုထားတာလည်း
ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ဖုန်းတွေဟာ တစ်နှစ်ထက်တစ်နှစ်ကြီးလာပြီးတော့ feature တွေကလည်း ၄လက်မ screen
ခေတ်တွေထက် ပိုလို့ကာင်းလာပါတယ်။ ကျွန်တော့ရဲ့ LG G3 လေးမှာ အဲဒီလိုစတင်လုပ်ခွင့်ရတဲ့နေ့လေးကို မှတ်မိနေ
ပါသေးတယ်။ အဲဒါက လူတိုင်းအတွက် မဟုတ်သေးပေမယ့်လည်း လူတိုင်းက ကြိုက်နှစ်နေကြပါတယ်။ OnePlus ကလည်း 
သုံးရလွယ်အောင် လုပ်ပေးထားပါတယ်။ OnePlus 5 မှာ multi-window အသုံးပြုရတာက အတော်လေးရိုးရှင်းပါတယ်။ 
ပထမဆုံး memory မှာ သင်ခွဲထားချင်တဲ့ app တွေ ရှိရပါမယ်။ ဆိုလိုတာကတော့ သင့်အနေနဲ့ သူတို့ကို အသုံးပြုနေတာ
ဖြစ်ပြီးတော့ ပိတ်မထားရပါဘူး။ ဒီတော့ နောက်ကွယ်မှာ ခဏထားထားဖို့အတွက် home ခလုတ်လေးနဲ့ ထွက်ထွက်ပေး
လိုက်ပါ။ အခုဆိုရင်တော့ recents ခလုတ်ကို အသုံးပြုပြီး သင်နောက်ကွယ်မှာထားထားတဲ့ app အားလုံးကို ဆွဲယူလိုက်ပါ။
ဒီနေရာမှာ သင်ပထမဆုံး အပေါ်ဘက်မှာထားချင်တဲ့ app ကို ဖိနှိပ်ထားလိုက်ပါ။ app အားလုံးကတော့ multi-window နဲ့ 
အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် OnePlus က ဒီ app က အဆင်ပြေလားမပြေလားဆိုတာကို ဖိနှိပ်ထားလိုက်ရင် 
စစ်ဆေးပြီး အကြောင်းပြန်ပါတယ်။ 
 


တကယ်လို့ အဆင်ပြေပြီဆိုရင် ဆွဲယူပြီးတော့ အပေါ်မှာ တင်လိုက်ပါ။အလိုအလျောက် စကေးချသွားပါလိမ့်မယ်။ အခု နောက်တစ်ခု
သုံးဖို့အတွက် ယူလိုက်ပါ။ အောက်တစ်ဝက်ကို စကေးချပြီး နေရာယူသွားပါလိမ့်မယ်။
OnePlus ဟာ အတော်လေး အသုံးပြုရလွယ်ကူအောင် လုပ်ပေးထားတာမို့ app တွေကို အလွယ်တကူပဲ ခွဲပြီးတော့ သုံးနိုင်ပါပြီ။
 
 

Comments