Q6, Q6+ နှင့် Q6α ဖုန်းသစ်သုံးမျိုးကို LG မိတ်ဆက်


LG အနေနဲ့ “FullVision” display ပါဝင်တဲ့ Q စီးရီးဖုန်းသစ်သုံးမျိုးကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီဖုန်းတွေက Q6, Q6+ နဲ့ Q6α တို့ဖြစ်ပြီး အလယ်အလတ်တန်းစား ဖုန်းအမျိုးအစားတွေ ဖြစ်ပါတယ်။ အလယ်အလတ်တန်းစား ဖုန်းတွေမှာ LG တန်ဖိုးကြီးဖုန်းရဲ့ အရေးအကြီးဆုံး feature တွေပါဝင်တယ်လို့ LG ကထုတ်ပြန်ထားပါတယ်။ LG ဟာ G6 mini ဖုန်းမထုတ်တော့ဘဲ အလယ်အလတ်တန်း စမတ်ဖုန်းစီးရီးသစ်ကို မိတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။
LG Q6 ဟာ Q6+ နဲ့ Q6α ဖုန်းတွေထက် စွမ်းဆောင်ရည်အနည်းငယ်မြင့်မားပြီး Q6, Q6+ နဲ့ Q6α ဖုန်းတွေ အကြားမှာ RAM နဲ့ storage စွမ်းဆောင်ရည်ပဲ ကွာခြားပါတယ်။ Q6 စမတ်ဖုန်းတွေမှာ မျက်နှာပြင် ၅.၅ လက်မ FullVision display နဲ့ FHD+ ရုပ်ထွက်အရည်အသွေး (2160x 1080 pixel) ဖြစ်ပါတယ်။ ဒီဇိုင်းကလည်း LG G6 နဲ့ဆင်တူဖြစ်ပြီး Q6 ဖုန်းတွေမှာ Snapdragon 435 CPU အပြင် ဘက်ထရီ 3,000 mAh ပါဝင်ပါတယ်။
LG Q6α မှာ RAM2GB နဲ့ storage 16GB ပါဝင်လာပြီး LG Q6 နဲ့ Q6+ မှာတော့ RAM 3GB နဲ့ storage 32GB အပြင် RAM 4GB နဲ့ storage 64GB တို့ဖြစ်ပါတယ်။ အခြား feature တွေကတော့ 802.11n Wi-Fi နဲ့ Bluetooth 4.2 တို့ပါဝင်ပါတယ်။ ကင်မရာပိုင်းမှာ ကျောဘက်ကင်မရာ 13MP နဲ့ ရှေ့ကင်မရာက ၁၀၀ ဒီဂရီ 5MP တို့ ဖြစ်ပြီး Q6 ဖုန်းတွေမှာ G6 မှာပါဝင်တဲ့ facial recognition နည်းပညာပါဝင်လာပါတယ်။
Q6 စမတ်ဖုန်းတွေကို သြဂုတ်လက စတင်ပြီး အာရှရဲ့ အဓိကအကျဆုံးဈေးကွက်တွေမှာ ရောင်းချမယ်လို့ သိရပါတယ်။

Comments