Xiaomi Redmi 5 ရဲ့ တရားဝင်ဓာတ်ပုံနဲ့ အချက်အလက်များ ထွက်ပေါ်လာ




အသစ်ထွက်မယ့် Xiaomi Redmi 5 ရဲ့ ဒီဇိုင်းနဲ့ အချက်အလက်တွေဟာ Weibo ကနေတစ်ဆင့်ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေမှာ ဖော်ပြထားတယ်လို့ သိရပါတယ်။ အဲ့ဒီဓာတ်ပုံများနဲ့အတူ Redmi 5 ရဲ့ ဈေးနှုန်းတွေကိုလည်း ဖော်ပြခဲ့ပါတယ်။


Xiaomi Redmi 5 ကို chipset နှစ်မျိုးနဲ့အတူ RAM option အမျိုးမျိုးနဲ့ ရရှိနိုင်မယ်လို့ဆိုပါတယ်။ 3GB RAM မော်ဒယ်ကို Snapdragon 625 2GHz CPU နဲ့ရရှိနိုင်ပြီး 4GB RAM ကိုတော့ Snapdragon 630 2.2GHz CPU နဲ့ရရှိနိုင်မှာဖြစ်ပါတယ်။ သိုလှောင်မှုပမာဏကိုတော့ 3GB မော်ဒယ်အတွက် 16GB/32GB နဲ့ရရှိနိုင်ပြီး 4GB မော်ဒယ်ကိုတော့ 64GB နဲ့ရရှိနိုင်မယ်လို့ ဆိုပါတယ်။ မော်ဒယ်နှစ်မျိုးစလုံးမှာ microSD နဲ့ dual-SIM အထောက်အပံ့ ပါဝင်ပါတယ်။

 
Display က ၅ လက်မ 1920 x 1080px IPS LCD ဖြစ်ပါတယ်။ ပင်မကင်မရာက 16MP ဖြစ်ပြီး အရှေ့ဘက်ကင်မရာက 5MP ဖြစ်ပါတယ်။ ဘက်ထရီက 3,680mAh ပါ။




Xiaomi Redmi 5 မှာ MIUI 9.0 နဲ့အတူ Android 7.1.1 Nougat ကို အသုံးပြုထားပါတယ်။ တန်ဖိုးက 3GB RAM / 16GB storage အတွက် ၁၂၆ ဒေါ်လာ၊ 3GB RAM / 32GB storage အတွက် ၁၅၃ ဒေါ်လာနဲ့ 4GB RAM / 64GB storage အတွက် ၁၆၂ ဒေါ်လာဖြစ်တယ်လို့ သိရပါတယ်။





Xiaomi Redmi 5 မိတ်ဆက်မယ့်အချိန်ကိုတော့ ဓာတ်ပုံတွေမှာ မဖော်ပြထားပါဘူး။




Comments