Asus ROG Gaming Phone ရဲ႕ တန္ဖိုးနည္း ေမာ္ဒယ္မ်ား လာမည္


{ZawGyi}
Asus က Gaming Phone တစ္လံုးကို ထုတ္လုပ္ေရာင္းခ်ေပးထားပါတယ္။ သူ႔ရဲ႕ အမည္မွာ Asus ROG Gaming Phone ျဖစ္ပါတယ္။ အခုေတာ့ တရုတ္ ဆက္သြယ္ေရး ေကာ္မရွင္မွာ သူ႔ရဲ႕ အျခား ေမာ္ဒယ္မ်ားကို မွတ္ပံုတင္ထားတာကို ေတြ႕ရပါတယ္။ သူတို႔ဟာ မူလေမာ္ဒယ္ထက္ Specs မ်ား ေလွ်ာ့ခ်ထားၿပီး တန္ဖိုးလည္း သက္သာမွာ ျဖစ္ပါတယ္။
မူလေမာ္ဒယ္မွာ 8GB RAM နဲ႔ 4000mAh Battery မ်ား ပါၿပီး ေမာ္ဒယ္အသစ္မ်ားမွာ 4GB/6GB RAM မ်ားနဲ႔ 3850mAh Battery ထည့္သြင္းထားမွာပါ။ ကင္မရာ အပိုင္းမွာ ေျပာင္းလဲထားႏုိင္ပါတယ္။ အေနာက္ဘက္မွာ 12MP Camera တစ္လံုးသာ ပါပါပါတယ္။ မူလေမာ္ဒယ္မွာ 12+8MP Dual Camera မ်ား ထည့္ထားပါတယ္။ အဲဒီ အစိတ္အပိုင္းမ်ားက လြဲၿပီး အျခား အစိတ္အပုိင္းမ်ားက တူညီၾကမွာပါ။
သူ႔မွာ Corning Gorilla Glass 6 ျဖင့္ ကာကြယ္ထားတဲ့ ၆ လက္မ 2160x1080p Display ထည့္သြင္းထားပါတယ္။ Asus က ကစားတဲ့သူေတြကို ဖုန္းေထာင့္ေတြနဲ႕ အဆင္ေျပေစဖို႕အတြက္ AirTriggers ေလးႏွစ္ခုကို ထည့္သြင္းေပးထားပါတယ္။ ဒါေလးကေတာ့ သံုးစြဲသူေတြစိတ္ၾကိဳက္ခ်ိန္ညွိနုိင္မယ့္ ခလုတ္ေလးေတြျဖစ္ပါတယ္။
Accessories ေတြဆိုတာက ROG Phone ရဲ႕ အၾကီးမားဆံုး အားသာခ်က္တစ္ခုပါပဲ။ Classic Gamepad Setup ေလး၊ ဖုန္းရဲ႕တစ္ဖက္တစ္ခ်က္ဆီမွာ ဂိမ္းကီးေလးေတြကို ထည့္သြင္းေပးထားျခင္း ျဖစ္ပါတယ္။ Gamevice Controller ေလးကေတာ့ WiGig Dock ေလးနဲ႕ ၾကိဳးမဲ့ Stream လုပ္ႏုိင္ပါတယ္။ 60GHz 802.11ad Wi-Fi ကို အသံုးျပဳထားပါတယ္။ ဒီေတာ့ ဂိမ္းကိုအနီးနားမွာရွိတဲ့ TV နဲ႕ ခ်ိတ္ဆက္ျပီးေတာ့ အသံုးျပဳထားႏုိင္ပါတယ္။ Racing ဂိမ္းေတြကို ေဆာ့ကစားၾကည့္လိုက္ေတာ့ Controller နဲ႕ Screen ၾကားမွာ တံု႕ဆုိင္းေနတာမ်ိဳးေတြ မခံစားရပါဘူး။ Gamepad ရဲ႕ စြမ္းရည္က ျမင့္မားပါတယ္။

{Unicode}
Asus ROG Gaming Phone ရဲ့ တန်ဖိုးနည်း မော်ဒယ်များ လာမည်
Asus က Gaming Phone တစ်လုံးကို ထုတ်လုပ်ရောင်းချပေးထားပါတယ်။ သူ့ရဲ့ အမည်မှာ Asus ROG Gaming Phone ဖြစ်ပါတယ်။ အခုတော့ တရုတ် ဆက်သွယ်ရေး ကော်မရှင်မှာ သူ့ရဲ့ အခြား မော်ဒယ်များကို မှတ်ပုံတင်ထားတာကို တွေ့ရပါတယ်။ သူတို့ဟာ မူလမော်ဒယ်ထက် Specs များ လျှော့ချထားပြီး တန်ဖိုးလည်း သက်သာမှာ ဖြစ်ပါတယ်။
မူလမော်ဒယ်မှာ 8GB RAM နဲ့ 4000mAh Battery များ ပါပြီး မော်ဒယ်အသစ်များမှာ 4GB/6GB RAM များနဲ့ 3850mAh Battery ထည့်သွင်းထားမှာပါ။ ကင်မရာ အပိုင်းမှာ ပြောင်းလဲထားနိုင်ပါတယ်။ အနောက်ဘက်မှာ 12MP Camera တစ်လုံးသာ ပါပါပါတယ်။ မူလမော်ဒယ်မှာ 12+8MP Dual Camera များ ထည့်ထားပါတယ်။ အဲဒီ အစိတ်အပိုင်းများက လွဲပြီး အခြား အစိတ်အပိုင်းများက တူညီကြမှာပါ။
သူ့မှာ Corning Gorilla Glass 6 ဖြင့် ကာကွယ်ထားတဲ့ ၆ လက်မ 2160x1080p Display ထည့်သွင်းထားပါတယ်။ Asus က ကစားတဲ့သူတွေကို ဖုန်းထောင့်တွေနဲ့ အဆင်ပြေစေဖို့အတွက် AirTriggers လေးနှစ်ခုကို ထည့်သွင်းပေးထားပါတယ်။ ဒါလေးကတော့ သုံးစွဲသူတွေစိတ်ကြိုက်ချိန်ညှိနိုင်မယ့် ခလုတ်လေးတွေဖြစ်ပါတယ်။
Accessories တွေဆိုတာက ROG Phone ရဲ့ အကြီးမားဆုံး အားသာချက်တစ်ခုပါပဲ။ Classic Gamepad Setup လေး၊ ဖုန်းရဲ့တစ်ဖက်တစ်ချက်ဆီမှာ ဂိမ်းကီးလေးတွေကို ထည့်သွင်းပေးထားခြင်း ဖြစ်ပါတယ်။ Gamevice Controller လေးကတော့ WiGig Dock လေးနဲ့ ကြိုးမဲ့ Stream လုပ်နိုင်ပါတယ်။ 60GHz 802.11ad Wi-Fi ကို အသုံးပြုထားပါတယ်။ ဒီတော့ ဂိမ်းကိုအနီးနားမှာရှိတဲ့ TV နဲ့ ချိတ်ဆက်ပြီးတော့ အသုံးပြုထားနိုင်ပါတယ်။ Racing ဂိမ်းတွေကို ဆော့ကစားကြည့်လိုက်တော့ Controller နဲ့ Screen ကြားမှာ တုံ့ဆိုင်းနေတာမျိုးတွေ မခံစားရပါဘူး။ Gamepad ရဲ့ စွမ်းရည်က မြင့်မားပါတယ်။
!!Credit Myanmar Mobile App!!

Comments