နောက်ဆုံးအနေနဲ့
{Unicode}
Galaxy Note 9 နှင့် OnePlus 6  ဆိုရင် ဘယ်သူ့ကိုရွေးမလဲ
ကျွန်တော်လား Galaxy Note 9 vs OnePlus 6 battle ဆိုရင်တော့ ရှင်းတယ်။ OnePlus 6 ပဲ ယူဖြစ်မယ်။ Samsung ရဲ့ flagship ပေးနိုင်တာထက် ပိုကြိုက်မိတဲ့ feature ငါးခုရှိတယ်။
software ပိုင်းအရမ်းမိုက်
ပထမဆုံးတစ်ခုကတော့ software ပါ။ OnePlus’ OxygenOS က Samsung Experience ထက် ပိုကောင်းတဲ့ skin လို့မြင်မိတယ်။ ရှင်းလင်းနေပြီးတော့ stock Android လေးနဲ့ တူတ်ယ။ အသုံးဝင်တဲ့ onboard feature တွေဖြစ်တဲ့ productivity tool Shelf (note မှတ်သားခြင်းနှင့် recent contact & app တွေကို မြန်မြန်လှမ်းခေါ်နိုင်ခြင်း) လေးပါဝင်တယ်။ Shelf ကပဲ ရာသီဥတုနဲ့ ဖုန်းမှာရနိုင်တဲ့ မမ်မိုရီတွေကိုပြသထားပါတယ်။ လက်ရှိဘတ်ထရီအား၊ ဒေတာဘယ်လောက်ကျန်သေးလဲဆိုတာမျိုးကိုလည်း ပြသပေးနိုင်ပါသေးတယ်။ OxygenOS feature နောက်တစ်ခုကတော့ App locker လေးပါ။ သူကတော့ သင့်ရဲ့ sensitive app တွေကို PIN or fingerprint scan နဲ့ ထိန်းချုပ်ပေးထားမှာပါ။
off-screen gesture တွေလည်းရှိပါတယ်။ O, V, S, M, or W တို့ကို မျက်နှာပြင်ပေါ်မှာ ဆွဲသားနိုင်မှာဖြစ်ပြီးတော့ ဖုန်းကိုဖွင့်လိုက်စရာမလိုတော့ပါဘူး။ သီချင်းအတွက် ကျော်မလား၊ ရပ်မလား၊ လုပ်လို့ရတဲ့ gesture တွေပါဝင်ပါတယ်။
Samsung Experience skin မှာတော့ Secure Folder ပါဝင်ပါတယ်။ သူကလည်း ဖိုင်တွေ၊ ပုံတွေနဲ့ app တွေကို ဖိုဒါတစ်ခုနဲ့သီးသန့်သိမ်းထားပေးမှာပါ။ ဒီတော့ သင်တစ်ယောက်ပဲ သုံးလို့ရမှာပါ။
အခြား feature အနေနဲ့ Edge panel ကလည်း app နဲ့ contact လေးတွေကို ညာဘက်အစွန်းနားလေးမှာ အသုံးပြုလို့ရအောင် လုပ်ဆောင်ပေးထားပါတယ်။ skin လေးမှာ သူ့ရဲ့အားသာချက်တွေရှိနေပါတယ်။ ဒါပေမယ့်လည်း OxygenOS ကို ပိုကြိုက်မိပါတယ်။
Dash Charge က အလွန်မြန်ဆန်
OnePlus 6 ရဲ့ နောက်ထပ်အားသာချက်တစ်ခုကတော့ Dash Charge ပါပဲ။ သူက အတော်လေးကိုမြန်ဆန်ပါတယ်။ ဘတ်ထရိကို မိနစ်၃၀သွင်းလိုက်တာနဲ့ ၆၀% အထိ ရောက်သွားစေပါတယ်။ မိနစ်၉၀မှာတော့ အားလုံးဝပြည့်သွားပါတယ်။ Samsung ကလည်း အားအမြန်သွင်းကိုထောက်ပံ့ပေးထားပေမယ့်လည်း OnePlus လောက်တော့ မမြန်ပါဘူး။
silent mode ကို စက္ကန့်ပိုင်းအတွင်းထားနိုင်
alert slider လေးကလည်း OnePlus ဖုန်းေ်တွရဲ့ signature feature လို့ပြောရမယ်။ သူကတော့ ဖုန်းကို silent, vibrate, ring သုံးမျိုးကို အလျင်အမြန်ပြောင်းနိုင်စေမှာပါ။ ဒီတော့ ဖုန်းကိုဖွင့်ပြီး settings ထဲကိုမွှေနေရမယ့်အစား slider လေး ပင့်လိုက်တာနဲ့ အိုကေသွားမှာပါ။ OnePlus 3T သုံးချိန်တည်းက စွဲမြဲစွာအသုံးပြုနေခဲ့တဲ့ feature လေးလည်း ဖြစ်ပါတယ်။
Note 9 ထက် ပိုကြည့်ကောင်း
OnePlus 6 ထက် နောက်ထပ်အားသာချက်တစ်ခုကတော့ ဒီဇိုင်းပိုင်းပါပဲ။ ဒါက ကျွန်တော့အမြင်လို့ပြောနိုင်ပါတယ်။ ကွေးညွတ်နေတာထက် မျက်နှာပြင်ပြားကို အသုံးပြုထားပါတယ်။ အနောက်ပိုင်းကလည်း ပိုမိုဆွဲဆောင်မှုရှိတယ်။ အရောင်ပိုင်းရောပေါ့။ midnight black version ကတော့ matte finish လေးနဲ့လုပ်ထားတဲ့အတွက်ကြောင့် ပိုကြွေမိတယ်။ လက်ဗွေလည်း အဲလောက်မစွဲထင်ဘူးလေ။
price-performance ratio အရမ်းမိုက်
နောက်ဆုံးကတော့ ဈေးနှုန်းပါပဲ။ Note ရဲ့ ပုံမှန်မော်ဒယ်လ်လေးမှာဆိုရင် 6GB RAM နဲ့ 128GB storage ပါဝင်ပြီးတော့ ဒေါ်လာ၁၀၀၀ ကုန်ကျပါတယ်။ OnePlus 6 ကတော့ 8GB RAM နဲ့ 128GB storage ကိုမှ ဒေါ်လာ၅၈၀ဆိုတော့ ဒေါ်လာ၄၂၀ တောင် သက်သာနေပြီ။ entry-level OnePlus 6 (6GB RAM နဲ့ 64GB storage) ဆိုရင် ဒေါ်လာ၅၃၀ ပဲ ပေးရမယ်။ ဈေးနှုန်းကွာခြားချက်က နှစ်ဆလောက် ဖြစ်နေတယ်လေ။
နောက်ဆုံးအနေနဲ့
Galaxy Note 9 ကတော့ OnePlus 6 ထက် ကြိုးမဲ့အားသွင်းခြင်း၊ IP68 ၊ မမ်မိုရီထပ်ချဲ့ခြင်း၊ iris scanner ၊ S Pen စတဲ့ feature တွေ ပါဝင်နေပါတယ်။
ဒါတွေက ကျွန်တော့အတွက် မလိုအပ်ပါဘူး။
ကြိုးမဲ့အားသွင်းတာမျိုး ၊ stylus သုံးတာမျိုး ကျွန်တော်မလုပ်ဖြစ်ပါဘူး။ iris scanner ထက် မြန်ဆန်တဲ့ fingerprint reader လေးကို သဘောကျတယ်။ 128GB ဆိုရင် လုံလောက်နေပြီ။ official IP rating မပါပေမယ့်လည်း ရေစင်တာလောက်တော့ အဆင်ပြေတယ်။ ဒါဆိုရင် ကျွန်တော့အတွက် လုံလောက်နေပါပြီ။
ဒါတွေက feature ပေါင်းများစွာပိုင်နေခြင်းထက် အရေးကြီးပါတယ်။ ကျွန်တော့အတွက်ကတော့ OnePlus 6 က ရွေးချယ်မှုကောင်းကောင်းတစ်ခုလို့မြင်ပါတယ်။
သင်တို့ရော ဘယ်လိုထင်လဲ။
!!Credit Ko Aung Phyo Oo(Myanmar Mobile App)!!
Comments