လက္ေကာက္ဝတ္ကို သက္ေသာင့္သက္သာရိွေစမယ့္ Logitech MX Vertical Mouse

{ZawGyi}
Logitech ဟာ ေနာက္ဆံုးေပၚ MX စီးရီးျဖစ္တဲ့ MX Vertical mouse ကို မိတ္ဆက္လိုက္ပါတယ္။ အဲ့ဒီ mouse ရဲ႕ ဒီဇိုင္းတစ္ခုလံုးဟာ လက္ေကာက္ဝတ္ လႈပ္ရွားမႈနဲ႔ နာက်င္မႈကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။
Logitech ရဲ႕အဆိုအရ mouse ကို အသံုးျပဳတဲ့အခါမွာ လက္ကို ၅၇ ဒီဂရီ အေနအထား ေစာင္းၿပီး အသံုးျပဳရတာေၾကာင့္ သာမန္ mouse တစ္ခုနဲ႔ယွဥ္ရင္ ၾကြက္သားလႈပ္ရွားမႈကို ၁၀ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ေပးႏိုင္တယ္လို႔ သိရပါတယ္။ Sensor က 4,000 DPI အထိ ေထာက္ပံ့ေပးတာေၾကာင့္ mouse ကို သိပ္ေရႊ႕စရာမလိုဘဲ အသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ DPI setting ေတြကို ခလုတ္တစ္ခ်က္ႏွိပ္႐ံုနဲ႔ အလြယ္တကူ ခ်ိန္ညိွဖို႔အတြက္လည္း MX Vertical ရဲ႕ ထိပ္ဘက္မွာ ခလုတ္တစ္ခု ထည့္သြင္းထားပါတယ္။ ဘက္ထရီကိုေတာ့ အားတစ္ႀကိမ္သြင္း႐ံုနဲ႔ ေလးလအထိ အသံုးျပဳႏိုင္တယ္လို႔ Logitech က ကတိျပဳထားပါတယ္။ အျခားေသာ MX mouse ေတြနဲ႔မတူတာက MX Vertical ကို USB-C ကေနတစ္ဆင့္ အားသြင္းႏိုင္ပါတယ္။ ဒီ mouse ရဲ႕ ေစ်းႏႈန္းက ၉၉.၉၉ ေဒၚလာျဖစ္ၿပီး စက္တင္ဘာလမွာ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

{Unicode}
လက်ကောက်ဝတ်ကို သက်သောင့်သက်သာရှိစေမယ့် Logitech MX Vertical Mouse
Logitech ဟာ နောက်ဆုံးပေါ် MX စီးရီးဖြစ်တဲ့ MX Vertical mouse ကို မိတ်ဆက်လိုက်ပါတယ်။ အဲ့ဒီ mouse ရဲ့ ဒီဇိုင်းတစ်ခုလုံးဟာ လက်ကောက်ဝတ် လှုပ်ရှားမှုနဲ့ နာကျင်မှုကို လျှော့ချပေးနိုင်ပါတယ်။
Logitech ရဲ့အဆိုအရ mouse ကို အသုံးပြုတဲ့အခါမှာ လက်ကို ၅၇ ဒီဂရီ အနေအထား စောင်းပြီး အသုံးပြုရတာကြောင့် သာမန် mouse တစ်ခုနဲ့ယှဉ်ရင် ကြွက်သားလှုပ်ရှားမှုကို ၁၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ Sensor က 4,000 DPI အထိ ထောက်ပံ့ပေးတာကြောင့် mouse ကို သိပ်ရွှေ့စရာမလိုဘဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် DPI setting တွေကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ အလွယ်တကူ ချိန်ညှိဖို့အတွက်လည်း MX Vertical ရဲ့ ထိပ်ဘက်မှာ ခလုတ်တစ်ခု ထည့်သွင်းထားပါတယ်။ ဘက်ထရီကိုတော့ အားတစ်ကြိမ်သွင်းရုံနဲ့ လေးလအထိ အသုံးပြုနိုင်တယ်လို့ Logitech က ကတိပြုထားပါတယ်။ အခြားသော MX mouse တွေနဲ့မတူတာက MX Vertical ကို USB-C ကနေတစ်ဆင့် အားသွင်းနိုင်ပါတယ်။ ဒီ mouse ရဲ့ စျေးနှုန်းက ၉၉.၉၉ ဒေါ်လာဖြစ်ပြီး စက်တင်ဘာလမှာ ရောင်းချသွားမယ်လို့ သိရပါတယ်။

Comments