Ransomware ႏွင့္ ပတ္သက္ေသာ အသိပညာေပး လက္စြဲစာအုပ္ ျမန္မာ ဘာသာျဖင့္ ထုတ္ေဝမည္


Ransomware နဲ႔ ပတ္သက္တဲ့ အသိပညာေပး လက္စြဲစာအုပ္ (Handbook) ကို ျမန္မာဘာသာနဲ႔ ျပဳစုထုတ္ေဝသြားမယ္လို႔ ျမန္မာႏိုင္ငံ ကြန္ပ်ဴတာအေရးေပၚ တံု႔ျပန္ေရးအဖြဲ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာကေန ထုတ္ျပန္ထားပါတယ္။
ျမန္မာႏိုင္ငံရွိ ကြန္ပ်ဴတာသံုးစြဲသူ အမ်ားစုအေနနဲ႔ Ransomware တိုက္ခိုက္မႈမ်ား ပိုမိုေတြ႕ၾကံဳလာရ ေၾကာင္း၊ Ransomware တိုက္ခိုက္ခံရျခင္းမွ မိမိကိုယ္တိုင္ ကာကြယ္ႏိုင္ေစဖို႔အတြက္ ျမန္မာႏိုင္ငံ ကြန္ပ်ဴတာအေရးေပၚတံု႔ျပန္ေရးအဖြဲ႔ (mmCERT)က Ransomware နဲ႔ ပတ္သက္တဲ့ အသိပညာေပး လက္စြဲစာအုပ္ (Handbook) ကို ျမန္မာဘာသာနဲ႔ ျပဳစုထုတ္ေဝမွာျဖစ္ေၾကာင္း ေၾကညာထားပါတယ္။ အဲဒီစာအုပ္မွာ Ransomware ရဲ႕ အဓိပၸာယ္၊ Ransomware ေပၚေပါက္လာပံု၊ Ransomware အလုပ္လုပ္ပံု၊ Ransomware တိုက္ခိုက္မႈခံရပါက လုပ္ေဆာင္ရန္ နည္းလမ္းမ်ား၊ Ransomware တိုက္ခိုက္မႈ မခံရေရးအတြက္ ႀကိဳတင္ကာကြယ္ နည္းမ်ား၊ ျမန္မာႏိုင္ငံတြင္ တိုက္ခိုက္ခံခဲ့ရေသာ Ransomware မ်ားအေၾကာင္း စတာေတြပါ​ဝင္မယ္လို႔ သိရပါတယ္။
Handbook မွာ ျပည့္စံုစြာ ေဖာ္ျပႏိုင္ေရးအတြက္ Ransomware တိုက္ခိုက္ခံရျခင္းေတြရွိရင္ Ransomware နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကို technicalteam@mmcert.org.mm သို႔ ေပးပို႔ျခင္းျဖင့္ ပူးေပါင္းပါဝင္ေပးၾကဖို႔ အသိေပးထားပါတယ္။
{Unicode}
Ransomware နှင့် ပတ်သက်သော အသိပညာပေး လက်စွဲစာအုပ် မြန်မာ ဘာသာဖြင့် ထုတ်ဝေမည်
Ransomware နဲ့ ပတ်သက်တဲ့ အသိပညာပေး လက်စွဲစာအုပ် (Handbook) ကို မြန်မာဘာသာနဲ့ ပြုစုထုတ်ဝေသွားမယ်လို့ မြန်မာနိုင်ငံ ကွန်ပျူတာအရေးပေါ် တုံ့ပြန်ရေးအဖွဲ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံရှိ ကွန်ပျူတာသုံးစွဲသူ အများစုအနေနဲ့ Ransomware တိုက်ခိုက်မှုများ ပိုမိုတွေ့ကြုံလာရ ကြောင်း၊ Ransomware တိုက်ခိုက်ခံရခြင်းမှ မိမိကိုယ်တိုင် ကာကွယ်နိုင်စေဖို့အတွက် မြန်မာနိုင်ငံ ကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (mmCERT)က Ransomware နဲ့ ပတ်သက်တဲ့ အသိပညာပေး လက်စွဲစာအုပ် (Handbook) ကို မြန်မာဘာသာနဲ့ ပြုစုထုတ်ဝေမှာဖြစ်ကြောင်း ကြေညာထားပါတယ်။ အဲဒီစာအုပ်မှာ Ransomware ရဲ့ အဓိပ္ပာယ်၊ Ransomware ပေါ်ပေါက်လာပုံ၊ Ransomware အလုပ်လုပ်ပုံ၊ Ransomware တိုက်ခိုက်မှုခံရပါက လုပ်ဆောင်ရန် နည်းလမ်းများ၊ Ransomware တိုက်ခိုက်မှု မခံရရေးအတွက် ကြိုတင်ကာကွယ် နည်းများ၊ မြန်မာနိုင်ငံတွင် တိုက်ခိုက်ခံခဲ့ရသော Ransomware များအကြောင်း စတာတွေပါ​ဝင်မယ်လို့ သိရပါတယ်။
Handbook မှာ ပြည့်စုံစွာ ဖော်ပြနိုင်ရေးအတွက် Ransomware တိုက်ခိုက်ခံရခြင်းတွေရှိရင် Ransomware နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို technicalteam@mmcert.org.mm သို့ ပေးပို့ခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြဖို့ အသိပေးထားပါတယ်။

Comments